Wednesday, December 12, 2007

ဆုံဆည်းခဲ့တာခဏတာပေမဲ့

ချစ်မိတာဘ၀တစ်သက်စာပါ

မင်းရင်မှာငါမရှိပေမဲ့

ငါ့ရင်မှာမင်းကထာဝရပါ

မင်းကိုချစ်မိတာအပြစ်ဆိုရင်

အဲဒီအပြစ်တွေကို

ကျေနပ်စွာခံယူလိုက်ပါမယ်

အဝေးဆုံးဝေးသွားသည့်တိုင်

အနီးဆုံးမှာရှိနေမယ့်

ကိုယ့်နှလုံးသားလေးအတွက်

လူမသိသူမသိချစ်နေခွင့်တော့ရပါရစေ

Wednesday, December 5, 2007

စကားပြောသောမျက်လုံး

ချစ်ခြင်း

တမ်းတခြင်း

သတိရခြင်း

လွမ်းခြင်းတွေကို

မျက်လုံးကနေ

မြင်ရတယ်ဆိုရင်

ကိုယ့်မျက်လုံးကို

မင်းမမြင်အောင်

ဝှက်ထားခွင့်ပေးပါ

သူငယ်ချင်းသို့

သူငယ်ချင်းရေ
မင်းကြောင့်ကိုယ်ပျော်ရွှင်ခဲ့ရတယ်
မင်းကြောင့်ကိုယ်ဝမ်းနည်းခဲ့ရတယ်
မင်းရှိနေလို့ကိုယ်အင်အားတွေရခဲ့တယ်
မင်းရှိနေလို့ကိုယ်အင်အားတွှေရခဲ့တယ်
မင်းကြောင့်ကိုယ်အချစ်ကိုခံစားတတ်ခဲ့တယ်
မင်းကြောင့်ကိုယ်အလွမ်းကိုရင်မှာပိုက်ခဲ့ရတယ်
သူငယ်ချင်းရေ
မင်းနဲ့ပတ်သက်ခဲ့မိတဲ့အတွက်
ကိုယ်ပိုင်ဆိုင်ခဲ့ရတာတွေအတွက်
ကိုယ်ကျေနပ်ဆဲပါ
မင်းလိုသူငယ်ချင်းကို
ကိုယ်ဘယ်တော့မှမလိုချင်တော့ပါဘူး
မင်းတစ်ယောက်ဟာ
ကိုယ့်အတွက်
အရာရာပြည့်စုံသွားလို့ပါ ။

Tuesday, December 4, 2007

Exception

I want you beside me

I miss u when you are away

I like u as a boy

But I don't love you like a lover

အချစ်တို့ဖြင့်ဖွဲ့စည်းခြင်း

လေးစားမှုနဲ့

တွယ်တာရတဲ့အချစ်

တပ်မက်မှုနဲ့

မက်မောရတဲ့အချစ်

ခင်မင်မှုနဲ့

နှောင်ဖွဲလာတဲ့အချစ်

အဲဒါတွေကို

ခံစားပြီးတဲ့နောက်

ကိုယ့်ရင်ထဲမှာ

အချစ်ဆိုတာကို

ချစ်ခြင်းနဲ့ပဲဖွဲ့စည်းချင်တယ် ။

Loneliness

I have seen the moon at full-moon night on the sky,

Giving some light to the earth.

I have gone to the beach,

And see the waves how they come to sea shore.

I have seen the lovely flower glittering in the wind,

Giving all of us freshly smell.

I have walked alone on the rain,

Without taking an umbrella.

I have sit alone in the coffee shop,

Drinking the bitter one.

I have listened the classical song,

And i have felt the melody from the song.

When I have done these things,

What I have felt cos I am so loneliness.

Friday, November 30, 2007

ချစ်တယ်လို့ပြောခဲ့ပြီးမှမတွေ့အောင်ရှောင်နေသူ
ချစ်တယ်လို့နောက်ထပ်ပြောဖို့ကိုကြောက်နေမိပြီ..
မင်းနောက်ထပ်ပြေးထွက်သွားမှာကြောက်လို့ပေါ့..
ဒါပေမယ့်မင်းကိုတွေ့ရင်စကားမပြောပဲလဲမနေနိုင်ခဲ့ဘူး
ဒါဟာငါ့ရဲ့ မှားယွင်းမှုတခုပဲလို့မယူဆခဲ့ပါဘူး
မင်းကိုတွေ့ရင်မာနတွေခ၀ါချပြီး
ရင်မှာနာကျင်နေလဲထာဝရချစ်နေဆဲပဲါ…..